Press Statement by the Ministry of Foreign Affairs
The 2020 US TIP Report does not reflect significant steps taken by Myanmar to combat human trafficking
It is discouraging that the 2020 Trafficking in Persons (TIP) Report recently released by the US Department of State continues to place Myanmar on Tier 3 List, i.e. countries whose governments are not making significant efforts to comply with the minimum standards. This designation fails to reflect significant steps taken by the Government of Myanmar last year to combat human trafficking.
The most vulnerable segment of the people of Myanmar falls prey to human traffickers due to poverty. In view of this, a Presidential directive was issued in 2019 to all line Ministries to step up effective measures for prevention, protection and prosecution, including stronger legal actions against traffickers, raising public awareness, and learning best practices from other countries.
Myanmar has made much progress in its efforts to prevent human trafficking crimes, prosecuting perpetrators and protecting victims over the past few years. The enactment of the Child Rights Law in July 2019 sets a sound legal framework for criminalizing grave violations against children. Myanmar's ratification of the Optional Protocol to the Convention on the Rights of the Child on the involvement of children in armed conflict (CRC-OPAC), and the ILO Minimum Age Convention No. 138 demonstrate Myanmar's strong determination to prevent the recruitment of child soldiers, and to address the issue of child labour.
The National Committee led by a Vice-President was assigned to address the issue of child labour. With a view to eliminating forced labour, a National Complaints Mechanism has been put in place in cooperation with the ILO. The Anti-Trafficking in Persons Law 2005 is also being revised to be in line with international conventions applicable to Myanmar.
The Government has been providing assistance to survivors of trafficking for their rehabilitation and reintegration into society, while imposing stringent penalties on human traffickers. In addition, Myanmar is working with its neighbours to protect its migrant workers and reduce vulnerability to human trafficking through bilateral cooperation mechanisms. During the reporting period, the number of reported human trafficking cases passing through Myanmar as a transit country showed a significant decrease compared to previous years. Despite the rise in the number of IDPs due to conflicts, we have been able to prevent human trafficking of IDPs. Most of the recent cases of trafficked boat people do not originate from Myanmar.
Recently, the Myanmar Armed Forces has been delisted by the United Nations from its Listed Parties that recruit and use children, in recognition of the progress made in addressing the issue of underage soldiers.
Notwithstanding such progress, it is disappointing that the 2020 TIP Report fails to reflect Myanmar's enhanced efforts in combating human trafficking adequately. Myanmar hopes that future TIP rankings will be based more on objectivity, impartiality and independence. Myanmar remains committed to preventing its vulnerable groups from this inhumane crime, and will continue to work together with all partners, including the United States, to boost national efforts in addressing this heinous crime that is a global concern.
Ministry of Foreign Affairs
Nay Pyi Taw
8th July 2020
နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာ သည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ အလေးထားကြိုးပမ်းဆောင်ရွက်ချက်များအား ထင်ဟပ်မှုမရှိ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုအစီရင်ခံစာ၌ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက် များကို ပြည့်မီရန် ထိရောက်စွာဆောင်ရွက်မှုမရှိသည့် အဆင့် (၃) (Tier 3) နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံကို ဆက်လက်ထားရှိခဲ့ခြင်းမှာ စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ မြန်မာနိုင်ငံကို Tier 3 ၌ ယင်းသို့ ဆက်လက်သတ်မှတ် ထားရှိခြင်းမှာ ပြီးခဲ့သည့်နှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ သိသာထင်ရှားသည့် ကြိုးပမ်းဆောင် ရွက်ခဲ့မှုများကို ထင်ဟပ်မှုမရှိကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံမှ ထိလွယ်ခိုက်လွယ်အရှိဆုံး အသိုက်အဝန်းမှ ပြည်သူများသည် ဆင်းရဲ နွမ်းပါးမှုပြဿနာကြောင့် လူကုန်ကူးသူများ၏ သားကောင်များဖြစ်နေကြရသည်။ သို့ဖြစ်ရာ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်ကာ လူကုန်ကူးသူ များအား ထိရောက်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး၊ လူကုန်ကူးမှုတားဆီးရေးဆိုင်ရာ အသိပညာပေးရေးနှင့် အခြားနိုင်ငံများထံမှ နည်းပညာ၊ အတွေ့အကြုံကောင်းများကိုရယူ ရေးတို့အပါအဝင် လူကုန်ကူးမှုတားဆီး ရေး၊ ကျူးလွန်ခံရသူများကို အကာအကွယ်ပေးရေးနှင့် ကျူးလွန်သူများ ကို အရေးယူရေးတို့နှင့်စပ်လျဉ်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ကြ ရန်အတွက် သက်ဆိုင်ရာအစိုးရ ဝန်ကြီးဌာနများကို ညွှန်ကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း လူကုန် ကူးမှုကာကွယ် တားဆီးရေး၊ ကျူးလွန်သူများကို အရေးယူရေးနှင့် လူကုန်ကူးခံရသူများကို စောင့်ရှောက်ရေးတို့နှင့် ပတ်သက်၍ သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသည် ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု များကို ပြစ်မှုအဖြစ် သတ်မှတ်နိုင်သည့် ခိုင်မာသည့် ဥပဒေမူဘောင် တစ်ရပ်အဖြစ် ချမှတ်ပေးခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့်စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲအခြေပြစာချုပ် နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက် သတ်မှတ်ချက် ပြဋ္ဌာန်းချက်အမှတ်-၁၃၈ တို့ကို မြန်မာနိုင်ငံက အတည်ပြုပါဝင်ခဲ့ခြင်းသည် ကလေးစစ်သည်များ စုဆောင်းခြင်းနှင့် ကလေးအလုပ်သမားပြဿနာတို့ကို တားဆီး၊ ဖြေရှင်းနိုင်ရန် ခိုင်မာသည့် သန္နိဋ္ဌာန်ကို ပြသခြင်း ပင်ဖြစ်သည်။
ကလေးအလုပ်သမားပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ဒုတိယသမ္မတ ဦးဆောင်သည့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်း တာဝန်ပေး အပ်ခဲ့သည်။ အဓမ္မခိုင်းစေမှုပပျောက်စေရန်အတွက်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO)နှင့်ပူးပေါင်း၍ အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၅ ခုနှစ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကိုလည်း မြန်မာနိုင်ငံမှ လက်ခံထားသည့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြစ်စေရေး အတွက် ပြင်ဆင်ရေးဆွဲလျက် ရှိသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်နိုင်ရေး၊ ၎င်းတို့၏ အသိုက်အဝန်းများသို့ ပြန်လည်ဝင်ရောက် နိုင်ရေးတို့အတွက် အကူအညီပေးလျက် ရှိသကဲ့သို့ လူကုန် ကူးသူများ ကိုလည်း ထိရောက်စွာအပြစ်ပေးအရေးယူလျက်ရှိသည်။ ထို့ပြင် မြန်မာရွှေ့ပြောင်း လုပ်သားများကို အကာအကွယ်ပေးနိုင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်ကို လျှော့ချနိုင်ရေးတို့အတွက် အိမ်နီးချင်း နိုင်ငံများနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာ အကျုံးဝင်သည့်ကာလအတွင်း မြန်မာနိုင်ငံကို ကြားခံ နိုင်ငံအဖြစ် ဖြတ်သန်း၍ ကျူးလွန်သည့် လူကုန်ကူးမှုများသည် ပြီးခဲ့သည့်နှစ်များနှင့်နှိုင်းယှဉ်ပါက သိသာစွာ လျော့ကျလာခဲ့သည်။ ပဋိပက္ခများကြောင့် ပြည်တွင်းရွှေ့ပြောင်းသွားလာသူအရေအတွက် တိုးမြင့်လာ သော်လည်း ပြည်တွင်းရွှေ့ပြောင်းသွားလာသူများအား လူကုန်ကူးခံရခြင်းမှ ပိုမိုတားဆီး နိုင်ခဲ့သည်။ မကြာသေးမီက လူကုန်ကူးခံရသည့် လှေစီးဒုက္ခသည်ဖြစ်စဉ် အများစုသည် မြန်မာနိုင်ငံမှ စတင်ထွက်ခွာ ခဲ့မှုများ မဟုတ်ကြောင်း စိစစ်တွေ့ရှိရသည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အတွက် ကြိုးပမ်းမှုတွင် တိုးတက်မှုများအား အသိအမှတ်ပြုသည့်အနေဖြင့် ကုလသမဂ္ဂက မြန်မာ့တပ်မတော်အား ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းမှုနှင့် အသုံးပြုမှု ကျူးလွန်သည့်အဖွဲ့အစည်းများစာရင်းမှ မကြာမီက ပယ်ဖျက်ပေးခဲ့ သည်။
ဖော်ပြပါတိုးတက်မှုများရှိနေသော်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုအစီရင်ခံစာသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှု များကို လုံလောက်စွာအသိအမှတ်ပြုထားခြင်း မရှိသည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရသည်။ နောင်ထုတ်ပြန် မည့် အစီရင်ခံစာများသည် တိကျမှန်ကန်မှု၊ ဘက်လိုက်မှုကင်းရှင်းမှုနှင့် သီးခြားလွတ်လပ်မှုတို့ကို ပိုမို၍ အလေးထားအခြေခံလိမ့်မည်ဟု မြန်မာနိုင်ငံအနေဖြင့် မျှော်လင့် သည်။ မြန်မာနိုင်ငံသည် ထိခိုက်လွယ်သည့် အသိုက်အဝန်းမှ ပြည်သူများအားလူမဆန်သည့် လူကုန်ကူးခံရမှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ ကမ္ဘာ့စိုးရိမ်ဖွယ်အရေးကိစ္စဖြစ်သော အလွန်ဆိုးရွားသည့် လူကုန်ကူးမှုပြဿနာကို ဖြေရှင်းရာတွင် အမေရိကန်နိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံများအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်။